Huawei Ascend G510

onlinemobilesale

 

 

 

 

 

 

 

 

 

 

 

 

 

 

Huawei Ascend G510 က တစ်သိန်းဝန်းကျင် ဖုန်းတွေထဲမှာ အလန်းဆုံး စမတ်ဖုန်းလို့ဆိုချင်ပါတယ်။ ပြည်တွင်းဈေးကွက်ထဲကို ရောက်ရောက်ချင်းမှာပဲ အဝယ်လိုက်ခဲ့တဲ့ စမတ်ဖုန်းပါ။ ပါးလွှာပြီး ကြီးမားတဲ့ ၄.၅ လက်မ မျက်နှာပြင်က အခြားဖုန်းတွေထက် အပြတ်အသတ်ကို ဆွဲဆောင်နိုင်တာပါ။ စွမ်းဆောင်ရည် မြင့်မားပြီး ဈေးနှုန်းသင့်တင့်တာကြောင့် ပြည်တွင်းဈေးကွက်မှာ အရောင်းရဆုံး စံချိန်တင်နိုင်ခဲ့ပါတယ်။ IPS မျက်နှာပြင်ကြောင့် အရောင်အသွေးစိုပြည်တဲ့ မျက်နှာပြင်ကို မြင်တွေ့နိုင်တာ အားရစရာတစ်ခုပါ။ Ascend G510 က ၂၀၁၃ ဇန်နဝါရီလမှာ စတင်မိတ်ဆက်ခဲ့တဲ့ စမတ်ဖုန်းသစ်တစ်လုံးပါ။ ၂၀၁၃ ထုတ် မော်ဒယ်မြင့် စမတ်ဖုန်းတစ်လုံးလို့ဆိုနိုင်ပါတယ်။
ဒီဇိုင်းပုံစံက Huawei C8813 နဲ့ ဒီဇိုင်းပုံစံဆင်တူတာကို တွေ့ရပါတယ်။ ပါဝင်တဲ့ အချက်အလက်တွေကလည်း သိပ်ကွာခြားမှုမရှိပါဘူး။ ဖုန်းမှတ်ဉာဏ်အတွက် Internal 4 GB တို့ကို ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ Android v4.1 (Jelly Bean) ဗားရှင်းအမြင့်ကို အသုံးပြုပေးထားတဲ့အပြင် 1.5 GHz Dual-core Processor ထည့်သွင်းထားတာကြောင့် ဖုန်းရဲ့ စွမ်းဆောင်ရည်က မြင့်မားနေခြင်း ဖြစ်ပါတယ်။ 5 MP နောက်ကင်မရာကလည်း အသုံးပြုသူတွေကို စိတ်ကျေနပ်မှု ပေးနိုင်ပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါ အလင်းအားကောင်းဖို့အတွက် LED မီးကိုလည်း အနောက်ပိုင်းမှာ တပ်ဆင်ပေးထားပါတယ်။ ရှေ့မှာတော့ 0.3MP ကင်မရာ တစ်လုံး တပ်ဆင်ထားပါသေးတယ်။ Bluetooth နဲ့ Wi-Fi စနစ်တွေကို ချိတ်ဆက်အသုံးပြုနိုင်ပါသေးတယ်။

 

Specifications
– 4.5” IPS LCD Touchscreen
GSM Network
– Android 4.1
– 5 MP Camera (Main), 0.3 MP (Secondary)
– 4GB Internal Storage
1.2 GHz Dual-core Processor
ဈေးနှုန်း                 : ၁၁၀,၀၀၀ ကျပ်ဝန်းကျင်
ဝယ်ယူနိုင်မည့်နေရာ : KKA
ဖုန်း                      : 01-246 427

View original post

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s